Follow Us:
  • English
  • ဗမာစာ
  • တီဘီရောဂါအကြောင်းတစ်စေ့တစ်စောင်း

    တီဘီရောဂါဟာ ရောဂါရှိတဲ့လူနာကနေတစ်ဆင့်လေထဲမှ ကူးစက်တတ်တဲ့ရောဂါမျိုးပဲဖြစ်ပါတယ်။

    တီဘီရောဂါပိုးဟာ ခန္ဓာကိုယ်ထဲရောက်တာနဲ့ အစောပိုင်းအဆင့်မှာ အဆုတ်ကိုထိခိုက်စေပြီး ဆေးကုသမှုသေချာမခံယူရင် နောက်ပိုင်းမှာတစ်ခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပါပျံ့နှံ့ နိုင်ပါတယ်။🫁

    တီဘီပိုးကူးစက်ခံရသူတိုင်းဟာ ရောဂါလက္ခဏာပြပုံချင်းမတူတက်တာမို့ ကိုယ်ခံအားနည်းသူ၊ တစ်ခြားသောရောဂါပြင်းပြင်းထန်ထန် ဖြစ်တဲ့သူတွေမှာပိုမိုဆိုးရွာစေတတ်ပါတယ်။

    ပုံမှန်မြင်တွေ့ရတဲ့ လက္ခဏာတွေကတော့👇

    • အချိန်( ၂) ပတ်ထက်ကြာအောင် ချောင်းဆက်တိုက်ဆိုးခြင်း
    • ရင်ဘတ် အောင့်ခြင်း၊ နာခြင်း
    • ချောင်းဆိုးတဲ့အခါ သလိပ်(သို့)သွေးပါတက်ခြင်း
    • အစားစားချင်စိတ်မရှိခြင်း
    • ပင်ပန်းလွယ်ခြင်း
    • ခန္ဓာကိုယ်အလေးချိန် ကျဆင်းခြင်း
    • အဖျားတက်ပြီး ချမ်းတုန်ခြင်း
    • ညအိပ်တဲ့အခါချွေးစေးများ ပြန်ခြင်းတို့ပဲဖြစ်ပါတယ်။

    ဒီရောဂါလက္ခဏာတွေထဲက တစ်ချို့ဟာတစ်ခြားသောရောဂါများနဲ့လည်း ဆင်တူယိုးမှားဖြစ်တာမို့ အကောင်းဆုံးနည်းလမ်းကတော့ မိမိကိုယ့်ကို တီဘီရောဂါသံသယရှိခဲ့လျှင်၊ တီဘီရောဂါဖြစ်နေသူတွေနဲ့ အနီးကပ်နေထိုင်ရလျှင် ဆရာဝန်နဲ့ပြသပြီး ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ ဆေးစစ်ခြင်းတွေကို ပြုလုပ်သင့်ပါတယ်။ 👩🏻‍⚕️

    💊တီဘီရောဂါဖြစ်လို့ ဆေးသောက်ရတဲ့အခါမျိုးတွေမှာလည်း ဆေးကိုမပြတ်မလပ်ဘဲ အချိန်မှန်သေချာသောက်သုံးသင့်ပါတယ်နော်။ ပဋီဇီဝဆေးတွေကို သေချာသောက်သုံးမှုမရှိလို့ ဆေးယဉ်ပါးတီဘီရောဂါဖြစ်သွားလျှင် နောက်ဆက်တွဲကုသရမှုတွေမှများစွာခက်ခဲနိုင်ပါတယ်။

    တီဘီရောဂါဖြစ်ဖူးပြီး ပျောက်ကင်းသွားတဲ့သူတွေဆိုရင်တောင်မှလည်း ရောဂါပိုး ပြန်လည်ကူးစက်တတ်တာမို့ အဆုတ်ကို တစ်နှစ်တစ်ခါ ဆေးစစ်တာ၊ အဆုတ် အအေးမပတ်အောင် ဂရုစိုက်တာ၊ ဆေးလိပ်သောက်တာကိုရှောင်ကြဉ်တာ၊ ကိုယ်ခံအားကောင်းအောင်နေတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။