Follow Us:
  • English
  • ဗမာစာ
  • Back To School Time

    ကလေးတွေလည်းကျောင်းပြန်ဖွင့်တဲ့အချိန်ရောက်ရှိလာပြီဆိုတော့🏫
    ကျောင်းပြန်တက်ရချိန်မှာ ကျောင်းကသူငယ်ချင်းတွေနဲ့ အနီးကပ်စာသင်ချိန်၊ဆော့ကစားချိန်တွေ တစ်ယောက်စီကအဖျားက နောက်တစ်ယောက်ကိုအလွယ်တကူ ကူးစက်နိုင်စေပါတယ်။ 🦠
    ကလေးငယ်တွေဟာ ပုံမှန်ဆိုရင်လူကြီးတွေထက် 𝐈𝐦𝐦𝐮𝐧𝐞 အားနည်းတတ်လို့ အဖျားကူးစက်နိုင်ခြေ ပိုများတာကို တွေ့ရပါတယ်။ 👶
    ဒါကြောင့်ရောဂါပိုးတွေအလွယ်တကူ မကူးစက်နိုင်ဖို့နဲ့ တုပ်ကွေးရောဂါတွေကိုကာကွယ်နိုင်ဖို့အတွက် ကလေးငယ်တွေကို ရာသီတုပ်ကွေးကာကွယ်ဆေး ကြိုတင်ထိုးနှံထားဖို့လိုအပ်ပါတယ်။💉

    ရာသီတုပ်ကွေးဆေးထိုးနှံ့ခြင်းဟာ အဖျားရောဂါကူးစက်နိုင်ခြေကိုရာခိုင်နှုန်းတစ်ခု အထိ အကာအကွယ်ပေးနိုင်ပြီး ဖျားနာခဲ့ရင်လည်း ပြင်းပြင်းထန်ထန် ခံစားရခြင်းကိုလျော့ကျစေလို့ မိမိကလေးငယ်များအား ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ရာသီတုပ်ကွေးရန်မှ ကာကွယ်ကြရအောင်နော်😇