🌧️အခုလိုတစ်နေ့ကုန် မိုးရွာတဲ့နေ့တွေမှာ သွားရင်း၊လာရင်း အနည်းနဲ့အများမိုးမိတတ်ကြပါတယ်။
ပူလိုက်အေးလိုက်ရာသီဥတုနဲ့ အဲကွန်းအခန်းတွေထဲမှာ အဝင်အထွက်၊အသွားအလာလုပ်နေရတဲ့ လူအများစုမှာ ကိုယ်လက်ကိုက်ခဲပြီးမအီမသာဖြစ်ခြင်း၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာစီးခြင်း အစရှိတဲ့ ရာသီတုပ်ကွေးများကိုဖြစ်စေတတ်ပါတယ်။ 🤒
မတော်တဆမိုးမိခဲ့ရင်တောင် စိုစွတ်နေတဲ့အဝတ်တွေကို အတတ်နိုင်ဆုံးလဲပြီး နွေးနွေးထွေးထွေး နေထိုင်သင့်ပါတယ်။ ရေများများသောက်ပြီး အာဟာရစုံလင်တဲ့ အစားအသောက်တွေကိုစားခြင်းဖြင့်လည်း ကိုယ်ခံအားကို မြှင့်တင်နိုင်ပါတယ်။😇
မိမိပတ်ဝန်းကျင်မှာ ချောင်းဆိုးဖျားနာတဲ့သူတွေရှိရင်လည်း Mask တပ်တာ၊ အစားအသောက်မစားခင် လက်ကိုဆပ်ပြာနဲ့သေချာဆေးတာတို့ကလည်း ဂရုစိုက်သင့်တဲ့တစ်ကိုယ်ရည်ကျန်းမာရေးစောင့်ရှောက်မှုတွေပဲဖြစ်ပါတယ်နော်.